ဗိုလ်မှူးကြီး တိုက်ဂါးကြေညာချက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မသက်ဆိုင်


မြန်မာ့တပ်မတော်တပ် ရင်းတပ်ဖွဲ့အသီးသီးမှ တပ်မ တော်သားများ ကရင်ပြည်နယ်အ တွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ရန် အပြင်းအထန် တားမြစ်ကြောင်း KNU/KNLA-PC က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် နှင့်ပတ်သက်၍ အဆိုပါကြေညာ ချက်မှာ ဗိုလ်မှူးကြီး တိုက်ဂါး၏ တစ်ဦးတည်းဆန္ဒသာဖြစ်ပြီး ဗဟို ဌာနချုပ်နှင့် လုံးဝ မပတ်သက် ကြောင်း စက်တင်ဘာ ၁၈ ရက်၌ KNU/KNLA-PC က ကရင်ပြည်နယ်အစိုးရအ ဖွဲ့သို့ အသိပေးထုတ်ပြန်ချက် ပေးပို့ခဲ့သည်။
‘‘အစိုးရတပ်မတော်ကနေ ဗိုလ်မှူးကြီး တိုက်ဂါးရဲ့ ထုတ်ပြန်ချက်ကို ဌာနချုပ်က သိ၊ မသိလှမ်းမေးတယ်။ ဌာနချုပ်က  မသိဘူးလို့ ပြောလိုက်တယ်။ ဌာနချုပ်က ဘာမှမသိရဘူး။ ဒီနေ့စာပေးပို့ပြီးနောက်မှာတော့ တပ်မတော်ဘက်က တုံ့ပြန်တာ လောလောဆယ် ဘာမှမကြားရသေးဘူး’’ ဟု KNU/KNLA ငြိမ်း ချမ်းရေးကောင်စီ၏ ဘားအံဆက် ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစော အောင်ချစ်က ပြောသည်။
ဗိုလ်မှူးကြီး တိုက်ဂါးမှာ KNU/KNLA ငြိမ်းချမ်းရေးကောင် စီ၏ KNU/KNLA ကရင်ငြိမ်းချမ်း ရေးကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး)ဗျူဟာ၊ ဗျူဟာမှူးဖြစ်သည်။
၎င်း ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်ရက် စက်တင်ဘာ ၁၈ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဘားအံမြို့ရှိ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်ထံသို့ ‘‘ဗိုလ်မှူးကြီး တိုက်ဂါး၏ ထုတ်ပြန်စာအပေါ် ပြန်လည်အသိပေးခြင်း’’ ခေါင်းစဉ် တပ်ထားသည့်စာကို ပေးပို့ခဲ့ပြီး ဗဟိုဌာနချုပ်နှင့် မပတ်သက်ကြောင်း ငြင်းဆိုရှင်းလင်းခဲ့သည်။
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီကို ဗဟိုကော်မတီဝင် ငါးဦးနှင့် ဖွဲ့စည်းထားပြီး ယင်းကော် မတီဝင်များ၏ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များ အပေါ်တွင်သာ လျှင် လုပ်ငန်းများလုပ်ကိုင်ဆောင် ရွက်ရန် ညွှန်ကြားထားသည်ဟု ယင်းစာတွင် ဖော်ပြထားသည်။ ဗိုလ်မှူးကြီး တိုက်ဂါး၏ ထုတ် ပြန်စာသည် KNU/KNLA ငြိမ်း ချမ်းရေးကောင်စီ ဗဟိုဌာနချုပ်၏ ညွှန်ကြားချက်တစ်စုံတစ်ရာ မပါ ရှိသည့်အပြင် ဗဟိုဌာနချုပ်ကို လည်း အသိပေးအကြောင်းကြား ခြင်း လုံးဝမရှိဟု ဆိုသည်။
စက်တင်ဘာ ၁၃ ရက်က KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ ဖြိုးရေး (အထူး)ဗျူဟာက မြ၀တီ မြို့အတွင်း ထိုင်းနိုင်ငံဘက်မှ ၀င် လာသည့် ကုန်ကား သုံးဆယ် ကျော်ကို ပိတ်ဆို့တားဆီးခဲ့သည်။ ယင်းနောက် KNU/KNLA ကရင် ငြိမ်းချမ်းရေးကောင်စီ၊ ခွဲထွက် ကရင်အကျိုးပြု ဒီမိုကရေစီတပ်မတော် ကလိုထူးဘော တပ်ဖွဲ့များအနေဖြင့် မြ၀တီမြို့တွင်း သို့ ၀င်ရောက်သည့်အခါ လက် နက်ယူဆောင်မလာရ၊ ယူနီဖောင်း ၀တ်မလာရဟူ၍ မြ၀တီအခြေ စိုက် ရှေ့တန်းအမှတ် ၂၇၅ အစိုးရခြေလျင်တပ်ရင်းက စာတစ်စောင်ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၇ ရက်က ဗိုလ်မှူးကြီး တိုက်ဂါးဦးစီးသည့် မြ၀ တီအခြေစိုက် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနယ်စပ်လုံ ခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး)ဗျူဟာက တပ်မတော်သားများ ကရင် ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှု လုံးဝမပြုလုပ်ရန် အပြင်းအထန်တားမြစ်ကြောင်း စာကို ထုတ်ပြန်ခဲ့သည်။ ယင်းစာကိုသမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ထံသို့ပါ ပေးပို့ခဲ့သည်ဟု ဆိုသည်။

Comments

Popular Posts